အပတ်စဉ်(၈၃)ဖွင့်ပွဲအခမ်းအနားကို ၂၇.၄.၂၀၂၄တွင် ဖျော်ဖြေပွဲများ၊ ကျွေးမွေးဧည့်ခံပွဲများနှင့်အတူတကွ အပူပြင်းလှသောနွေရာသီတွင် ကျောင်းသူ၊ကျောင်းသားများ အေးချမ်းပျော်ရွှင်စေရန်အလို့ငှာ “ Summer Party ” များဖြင့် ခမ်းနားသိုက်မြိုက်စွာကျင်းပခဲ့ပါတယ်ရှင်။
သုခစုစံသင်တန်းကျောင်းတော်ကြီးတွင် မြန်မာနိုင်ငံအနှံ့အပြားမှကျောင်းသားကျောင်းသူများတက်ရောက်နေကြသောကြောင့် “ စည်းလုံးခြင်းအတွက်သီချင်းတစ်ပုဒ်” ဖြင့် အပတ်စဉ်-၈၃မှ ကျောင်းသား၊ကျောင်းသူလေးများမှကပြဖျော်ဖြေတင်ဆက်ကာအပတ်စဉ်(၈၃) ဖွင့်ပွဲအခမ်းအနားကိုဖွင့်လှစ်ခဲ့ပါတယ်ရှင်။





