အခြေခံစက်မှုလက်မှုသင်တန်း (BEC)

အခြေခံစက်မှုလက်မှုသင်တန်း (BEC)

သင်တန်းအကြောင်း

သုခစုစံ အခြေခံစက်မှုလက်မှုသင်တန်း (BEC) သည် မိမိအလုပ်သမားများ နိုင်ငံခြားလုပ်ငန်းခွင်တွင်သွားရောက်အလုပ်လုပ်ကိုင်ရာ၌လိုအပ်သောစက်မှုလက်မှုကျွမ်းကျင်မှုနှင့်ပညာရပ်များအားတက်မြောက်စေရန်ရေးဆွဲထားပါသည်။ ဤသင်တန်းသည် အလုပ်သမားများစက်မှုလက်မှုကျွမ်းကျင်မှုတိုးတက်စေရန်၊ မိမိတာဝန်ကျရာနေရာတွင်ကျွမ်းကျင်မှုရှိစေရန် နှင့် ကမ္ဘာ့ရပ်ဝန်းရှိလုပ်ငန်းများတွင်ထိရောက်စွာလုပ်ကိုင်နိုင်ရန်ရည်ရွယ်ပါသည်။

သင်ခန်းစာများ

အရေးကြီးသင်ခန်းစာများ
  • လျှပ်စစ်သင်ခန်းစာ
  • စက်တပ်ဆင်သင်ခန်းစာ
  • ပိုက်ဆက်သင်တန်း
  • ဂဟေဆက်သင်တန်း
  • အဲယားကွန်းသင်တန်း
ဖြည့်စွက်သင်ခန်းစာများ
  • လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး
  • လူတွေ့စစ်ဆေးမှု နှင့် လုပ်ငန်းခွင်သုံး အင်္ဂလိပ်စကားပြော

သင်ကြားရေးကာလ

  • သင်တန်းကြာချိန်နာရီ = ၂၆၀ နာရီ (စာတွေ့ နာရီ ၁၀၀ + လက်တွေ့နာရီ ၁၆၀)
  • တနင်္လာ မှ စနေ (၅ ပတ်)
  • မနက် ၈ နာရီ မှ ညနေ ၄ နာရီ
  • အပတ်စဉ် စနေ နေ့တွင်စာမေးပွဲများဖြေဆိုရမည်။
  • အတန်းချိန်ပြည့်ပြီးစာမေးပွဲအားလုံးအောင်မြင်သော ကျောင်းသားများကိုသာ သင်တန်းဆင်းလက်မှတ်ပေးအပ်သွားမည်ဖြစ်ပါသည်။

အသေးစိတ်ဖတ်ရှုရန်လက်ကမ်းစာဆောင်အားရယူပါ။

သင်တန်းကြေးနှင့်အချက်အလက်များပိုမိုသိရှိလိုပါကဆက်သွယ်ပေးပါရန်။